12.22.2007

Joke of the Week 3


Joke Of the Week 2


12.11.2007

Joke Of The Week 1

12.10.2007

Hilary Duff-WaKe Up


ဒီတစ်ခေါက်တော့သီချင်းမြူးမြူးလေးတစ်ပုဒ်တင်ချင်တာနဲ့ ကျွန်မကြိုက်တဲ့ Hilary Duff ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Wake Up ဆိုတဲ့ သီချင်းလေးကိုရွေးပြီးတင်ဆက်လိုက်ပါတယ်..ကျွန်မ ကပဲအဆွေးဒဏ်ခံရှိလို့ လားတော့မသိဘူး..ရွေးလိုက်တဲ့သီချင်းတိုင်းနီးပါဲးအဆွေးဘက်နွယ်နွယ်သွားတယ်ဆိုတာတော့သတိထားမိပါရဲ့ ...သီးခံပြီးနားဆင်ပေးကြပါ... :)

SicK Of LoVe!

ချစ်သူ...
အရှုံးပေးထားသူအပေါ်..
ဘာဖြစ်လို့ အနိုင်ခဏခဏယူနေရတာလဲ..
ငါပေးနိုင်သမျှအားလုံးပေးခဲ့ပြီးပြီ...
ခွင့်လွှတ်ပါချစ်သူ...
ငါလိုချင်တာ..နင့် ဆီကဖြူစင်ရိုးသားတဲ့
အချစ်စစ်စစ်တွေပါ...
မရနိုင်မှန်းသိရက်နဲ့ မျှော်လင့်နေခဲ့ပြီးတဲ့နောက်..
ငါ့ဘ၀မှာဘာကိုဘာမှကိုမမျှော်လင့်ရဲတော့ဘူး...
နောက်ဆုံးအနေနဲ့ ငါပြောချင်တာတစ်ခုပဲရှိတယ်...
ဖြစ်နိုင်ရင်ငါ့အနားမှာခဏလေးငြိမ်ငြိမ်လေးနေပေးပါလား...
နောက်ဆုံးအနေနဲ့ မင်းမျက်နှာကိုတ၀ကြီးကြည့်ပါရစေ....
နှုတ်မဆက်ခင်အချိန်ခဏလေးမှာ..
ငါ့ကိုစိတ်ချမ်းသာခွင့်ပေးပါ...
ငါ့ဝေဒနာတွေသက်သာလိုသက်သာငြားပေါ့...

12.07.2007

Dont Leave Me Alone..

သတိရတယ်ချစ်သူ.....
အလွမ်းတွေနဲ့ သာအသက်ရှင်ဖို့ 
လူ့ လောကထဲရောက်လာသလား...
နာရီလက်တံတွေတစ်စက္ကန့် ရွေ့ သွားတိုင်း
အတားအဆီးမဲ့ငါ့စိတ်တွေဟာ
မင်းဆီရောက်ရောက်နေတတ်တယ်...
ပြောင်းလဲတတ်တဲ့.....
လောကနိယာမသဘောတရားတွေနဲ့ ..
ပြောင်းလဲသွားမဲ့မင်းရဲ့ စိတ်သဘောထားတွေကို
တွေးပြီးကြောက်နေမိတယ်...
ဒီတော့ချစ်သူ...
ငါ့ကိုထားခဲ့ပြီးအဝေးဆုံးကိုထွက်မသွားပါနဲ့ ...
ငါမခံစားရဲဘူး...
ငါမငိုချင်ဘူး...
ငါမကြွေချင်ဘူး..ချစ်သူရယ်...

12.06.2007

One Fine Day Korean Movie-OST



ကြည့်ဖူးခဲ့တဲ့ Korea Movie တွေထဲကအ၇မ်းကြိုက်တဲ့ OSTသီချင်းလေးတစ်ပုဒ်ကိုမျှဝေလိုက်ပါတယ်....ခံစားချက်နဲ့ ထပ်တူကျပြီးသဘောတွေ့ကျလိမ့်မယ်လို့ လဲမျှော်လင့်ပါတယ်....