12.07.2007

Dont Leave Me Alone..

သတိရတယ်ချစ်သူ.....
အလွမ်းတွေနဲ့ သာအသက်ရှင်ဖို့ 
လူ့ လောကထဲရောက်လာသလား...
နာရီလက်တံတွေတစ်စက္ကန့် ရွေ့ သွားတိုင်း
အတားအဆီးမဲ့ငါ့စိတ်တွေဟာ
မင်းဆီရောက်ရောက်နေတတ်တယ်...
ပြောင်းလဲတတ်တဲ့.....
လောကနိယာမသဘောတရားတွေနဲ့ ..
ပြောင်းလဲသွားမဲ့မင်းရဲ့ စိတ်သဘောထားတွေကို
တွေးပြီးကြောက်နေမိတယ်...
ဒီတော့ချစ်သူ...
ငါ့ကိုထားခဲ့ပြီးအဝေးဆုံးကိုထွက်မသွားပါနဲ့ ...
ငါမခံစားရဲဘူး...
ငါမငိုချင်ဘူး...
ငါမကြွေချင်ဘူး..ချစ်သူရယ်...

1 comments:

Unknown said...

လောကရဲ့ နိယာမဆိုတာ...ပြောင်းလဲလို့ မရဘူးဆိုပေမယ့်...အဲဒီ့နိယာမထဲမှာ ခိုင်မြဲတဲ့ သဘောတရား တွေဟာလည်း တစ်ခါတည်းပါပြီးသားပါ.. :)