ဒီလောကမှာ “ကိုယ်” (myself) ဆိုတာ တစ်ဦးတည်းပဲရှိတယ်။ ကိုယ်နဲ့တူတဲ့လူ နောက်ထပ် လုံးဝမရှိနိုင်ဘူး။ “ကိုယ်” မှာ ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ မျက်လုံးတစ်စုံရှိတယ်။ ချစ်ခြင်း၊ သနားခြင်းတွေနဲ့ ခုန်လှုပ်နေတဲ့ နှလုံးသားတစ်စုံရှိတယ်။ “ကိုယ်”ဟာ ရိုသေလေးစား ခံထိုက်သူဖြစ်တယ်။ အချစ်ခံထိုက်သူဖြစ်တယ်။ ဒါတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းရဲ့ ရလဒ်တွေဖြစ်တယ်။ ယုံကြည်မှုက လူတွေရဲ့ အကဲ့ရဲ့၊ အနှိမ်ခံတာကို လျှစ်လျှူရှူထားပေးတယ်။
ကိုယ့်ဘေးကလူတွေ ကိုယ်ကို ချစ်ခြင်းတွေ ပေးစွမ်းမရှိတဲ့အခါ၊ ကိုယ့်ကို ပွေ့ဖက်ဖို့ အားအင်တွေ မရှိတဲ့အခါ သူတို့ကို ကိုယ်ချင်းစာ နားလည်ခွင့်လွတ်ပေးလိုက်ပါ။ သူတို့မှာ လူတွေကိုချစ်ဖို့၊ သူတို့ကိုယ်သူတို့ချစ်ဖို့ အချစ်တွေ ပါမလာခဲ့လို့ပါပဲ။
ရိုးသားမှု၊ ရိုသေလေးစားမှု၊ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ကပေးဆပ်နေလျှက်နဲ့ လူတွေရဲ့ လှောင်ပြောင်မှု၊ ကဲ့ရဲ့ဆဲဆိုမှု၊ အပြစ်ပုံချမှုတွေ သင် ခံနေရသေးတယ်ဆိုရင် သင်မကောင်းလို့ မဟုတ်ပါဘူး။ သင့်ရဲ့ပေးဆပ်မှုတွေကို အဲဒီလူတွေ လက်ခံနိုင်တဲ့ အဆင့်မရှိသေးလို့ပါ။
တကယ်လို့ သင့်ခန္ဓာသင့်ဝိညာဉ်တွေ ညှိုးနွမ်းခဲ့ရင် နားနှစ်ဖက်ကို ပိတ်ထားလိုက်ပါ။ တစ်ခြားလူရဲ့ ထိခိုက်နာကျင်စေမယ့် စကားတွေနဲ့ ကိုယ့်နှလုံးသားကို အပြည့် မဖြည့်လိုက်ပါနဲ့။ နေရာလပ်တစ်ခု ချန်ထားပြီး ယုံကြည်မှုတွေ ဖြည့်ပေးပါ။
ရင်ထဲက လာတဲ့ ချစ်ခြင်းမေတ္တာ အစစ်အမှန်က အဖိုးမဖြတ်နိုင်ပါဘူး။
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာအတွက် အကြောင်းတရား မလိုပါဘူး။
ယုံကြည်မှုကို လက်ကိုင်ထားရင် .... လူတိုင်းက အချစ်ခံထိုက်သူတွေဖြစ်တယ်။
နိုင်းနိုင်းစနေ
Showing posts with label From Nine Nine Sanay. Show all posts
Showing posts with label From Nine Nine Sanay. Show all posts
11.24.2008
ကျွန်မဖတ်ဖို့ ..
Posted by PINKLADY 0 comments
Labels: From Nine Nine Sanay
Subscribe to:
Posts (Atom)

