Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

8.11.2008

အရိပ်...

လာပါ ၀င်ပါ နားခိုလှည့်ပါ.
လက်လှမ်းပါ ရှိုက်ငိုပါ ဝေဒနာတွေမျှတလှည့်ပါ...
ရင်ဖွင့်ပါ ကြေကွဲပါ ငါ့ထံမှ အနွေးဓါတ်ရယူလှည့်ပါ.
ပျော်ပါ ပြန်ပါ ငါ့ကိုကျိန်စာတိုက်ခဲ့ပါ။

i got this poem from my bro's gtalk status..
thanks 4 sharing me my bro..:) i really like it...

5.06.2008

တောင့်တခြင်း....

တခါတလေတော့လည်း
သတိပြုပေးပါ...
အနိုင်ရနေတဲ့သူလဲ..
ငိုနေတတ်တယ်ဆိုတာ...
ဆုံးရှုံးဖူးမှဝမ်းနည်းငိုကြွေးရတာ
မဟုတ်ပါဘူး...
ပျော်ရွှင်နေလိမ့်မယ်လို့ ပဲ
သမရိုးကျထင်ချင်ထင်နေလိမ့်မယ်..
ဒါပေမဲ့လည်း
ရင်ထဲမှာအက်ကွဲ...ပူလောင်ငိုကြွေးနေရတယ်ဆိုတာ..
မင်းမှမမြင်တော့တာ...

5.02.2008

ပုဒ်မ..၃၂၀

လိုချင်လွန်းလို့ တော့ မဟုတ်ပါဘူး..
ပေးနိုင်မလားလို့ တောင့်တခဲ့တယ်..
ပိုင်ဆိုင်ဖို့ အထိရည်ရွယ်မထားခဲ့ပေမဲ့လဲ..
ခဏတဖြုတ်တော့သိမ်းထားချင်မိတယ်..
မလိုအပ်တော့ရင်လဲအပြစ်မဆိုချင်တော့ပါဘူး..
ဖြစ်တည်ပေးနိုင်ခဲ့တဲ့အချိန်လေးတွေအတွက်တော့
Thank You ပဲ...
မချစ်နိုင်တော့ဘူးဆိုရင်လဲ..
ပွင့်ပွင့်လင်းလင်းပေါ့...
ဟန်ဆောင်ပြီးနေမနေပါနဲ့ တော့...
တမြည့်မြည့်နဲ့ ငါ့မှာပူလောင်နေရတယ်....

P.S
ပုဒ်မ ၃၂၀ = ပြင်းထန်စွာနာကျင်စေမှု..

12.10.2007

SicK Of LoVe!

ချစ်သူ...
အရှုံးပေးထားသူအပေါ်..
ဘာဖြစ်လို့ အနိုင်ခဏခဏယူနေရတာလဲ..
ငါပေးနိုင်သမျှအားလုံးပေးခဲ့ပြီးပြီ...
ခွင့်လွှတ်ပါချစ်သူ...
ငါလိုချင်တာ..နင့် ဆီကဖြူစင်ရိုးသားတဲ့
အချစ်စစ်စစ်တွေပါ...
မရနိုင်မှန်းသိရက်နဲ့ မျှော်လင့်နေခဲ့ပြီးတဲ့နောက်..
ငါ့ဘ၀မှာဘာကိုဘာမှကိုမမျှော်လင့်ရဲတော့ဘူး...
နောက်ဆုံးအနေနဲ့ ငါပြောချင်တာတစ်ခုပဲရှိတယ်...
ဖြစ်နိုင်ရင်ငါ့အနားမှာခဏလေးငြိမ်ငြိမ်လေးနေပေးပါလား...
နောက်ဆုံးအနေနဲ့ မင်းမျက်နှာကိုတ၀ကြီးကြည့်ပါရစေ....
နှုတ်မဆက်ခင်အချိန်ခဏလေးမှာ..
ငါ့ကိုစိတ်ချမ်းသာခွင့်ပေးပါ...
ငါ့ဝေဒနာတွေသက်သာလိုသက်သာငြားပေါ့...

12.07.2007

Dont Leave Me Alone..

သတိရတယ်ချစ်သူ.....
အလွမ်းတွေနဲ့ သာအသက်ရှင်ဖို့ 
လူ့ လောကထဲရောက်လာသလား...
နာရီလက်တံတွေတစ်စက္ကန့် ရွေ့ သွားတိုင်း
အတားအဆီးမဲ့ငါ့စိတ်တွေဟာ
မင်းဆီရောက်ရောက်နေတတ်တယ်...
ပြောင်းလဲတတ်တဲ့.....
လောကနိယာမသဘောတရားတွေနဲ့ ..
ပြောင်းလဲသွားမဲ့မင်းရဲ့ စိတ်သဘောထားတွေကို
တွေးပြီးကြောက်နေမိတယ်...
ဒီတော့ချစ်သူ...
ငါ့ကိုထားခဲ့ပြီးအဝေးဆုံးကိုထွက်မသွားပါနဲ့ ...
ငါမခံစားရဲဘူး...
ငါမငိုချင်ဘူး...
ငါမကြွေချင်ဘူး..ချစ်သူရယ်...

12.06.2007

LoVe PoEm




This is my 1st post,Even i dont have enough experience to write a blog but one of my some1 special help me to write a blog and to make a blog for me..thx for helping me..xo xo:)


Here is the poem i like and i got it from one of my friend,actually i like poem and i love to read and write poem..later i will post my own poem to my blog and for now i want to shar a poem that reach me!!