Showing posts with label Short Note. Show all posts
Showing posts with label Short Note. Show all posts

12.07.2008

ကိုယ့်ကိုယ်ကို မုန်းတဲ့အချက်(၁၀)ချက်..

၁။အားနာတတ်တာ
ဟုတ်တယ်..ကျွန်မမှာလူတွေကိုအားအရမ်းနာတတ်တဲ့စိတ်တွေရှိတယ်...တခါတလေ......ကိုယ့်အတွက်အရမ်းအရေးကြီးပါတယ်ဆိုတဲ့ကိစ္စတွေဖြစ်နေပေမဲ့တစ်ဖက်သားအပေါ်ကိုယ့်ကြောင့်ဝန်ပိုစေမဲ့ပုံစံတွေဖြစ်နေမှာစိုးတာတွေရယ်....ကိုယ့်ကြောင့်လူတစ်ဖက်သားဒုက္ခရောက်မှာစိုးတာတွေရယ်ကြောင့်အခွင့်အရေးတွေလက်လွှတ်ဆုံးရှူံးခံရခဲ့ဖူးတယ်..ဒီတော့အဲ့ဒီအားနာတတ်တဲ့စိတ်တွေကိုတတ်နိုင်သမျှလျှော့ပစ်ရမယ်..
၂။စိတ်ဆိုးလွယ်တာ....
Sunday bornပီပီကျွန်မမှာစိတ်ဆိုးစိတ်ကောက်လွယ်တဲ့စိတ်တွေရှိနေတာတော့
မထူးဆန်းပါဘူးနော့...
၃။ဂရုစိုက်ခံချင်တာ..
လူတိုင်းဂရုစိုက်ခံချင်တာကတော့သဘာဝလို့ကျွန်မကတော့ထင်တာဘဲ...အထူးသဖြင့်တော့ကိုယ့်ကိုချစ်တဲ့သူတွေ..ကိုယ်ကချစ်ရတဲ့သူတွေ...ဂရုစိုက်တာမခံချင်တဲ့သူရယ်လို့ တော့ဘယ်ရှိမလဲ..ဟုတ်တယ်ဟုတ်????
၎။စိုးရိမ်ပူပန်စိတ်များတာ...
လူတွေကိုမယုံကြည်တဲ့စိတ်တွေရယ်..ပြီးတော့ကိုယ်အရမ်းယုံကြည်ခဲ့တဲ့သူတွေကကိုယ့်အပေါ်
သစ္စာဖောက်သွားတာတွေခံခဲ့ရဖူးတော့...
စိုးရိမ်ပူပန်မှုတွေကအရွယ်နဲ့ မမျှလောက်အောင်ကိုရင်ထဲမှာပူလောင်နေရတာတွေရှိနေတယ်...
၅။အကြိမ်ကြိမ်ခံစားနေရတဲ့စိတ်ဒဏ်ရာတွေနဲ့ပတ်သက်လာရင်
ဒေါသစိတ်မထိန်းနိုင်တာ...
ဒေါသဆိုတာတကယ်တော့မီးဆိုတာသိနေပေမဲ့လဲအဲ့ဒီပူလောင်မှုတွေထဲကနေရုန်းမထွက်နိုင်သေးတာ...ပြီးတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းပါးနေတာတွေရယ်...
ခက်တယ်...တခါတခါစိတ်ဓါတ်ကျတယ်..ကိုယ့်ကိုယ်ကိုလဲအားမရဘူး...
၆။ဟန်ဆောင်ပြီးမနေတတ်တာ...
ကျွန်မလုံးဝကိုဟန်မဆောင်တတ်ပါဘူး..စိတ်ညစ်နေတဲ့အချိန်ပဲဖြစ်ဖြစ်...စိတ်ဓါတ်ကျနေတဲ့အချိန်ပဲဖြစ်ဖြစ်..ကျွန်မမျက်လုံးတွေကလိမ်ညာလို့ မရတာ...ကျွန်မရဲ့ ပျော့ကွက်တစ်ခုများဖြစ်နေမလား??
၇။ဟင်းကောင်းကောင်းမချက်တတ်တာ...အခုချိန်အထိတော့ကျွန်မဟင်းကောင်းကောင်းချက်တတ်အောင်ကြိုးစားနေဆဲပါ...practice make perfect ဆိုတဲ့စကားပုံလေးအတိုင်းပေါ့....
၈။ကိုယ့်ကိုနာကျင်စေခဲ့တဲ့ကိစ္စတွေကိုလွယ်လွယ်ကူကူမေ့ပျောက်ပစ်လို့ မရတာ...အတိတ်ဆိုတာကျွန်မအတွက်တော့လွယ်လွယ်န့ဲမမေ့ပျောက်နိုင်တဲ့..လွယ်လွယ်နဲ့ မေ့ပျောက်ပစ်လို့ မရတဲ့အရာတွေပါဘဲ...ဥပမာပြောရရင်တော့...ကိုယ့်ကိုနာကျင်စေတဲ့အရာတွေပေါ့..လူတိုင်းကိုယ်နာကျင်ခဲ့ရတာတွေကိုအမှတ်တရရှိနေခဲ့ကျတာပဲလေ....
၉။အအိပ်မက်တာ...
ကျွန်မအတွက်တော့အားလပ်ချိန်ဆိုတာတွေကိုအိပ်ချိန်တွေနဲ့ အစားထိုးလိုက်တာဘဲ...လူကျန်းမာမှစိတ်လဲချမ်းသာမှာ...correct??? :D
၁၀။မနာလိုစိတ်မရှိတာ...
ကျွန်မကတော့လေ...ကျွန်မဘ၀လေးကိုအေးအေးချမ်းချမ်းဘဲဖြတ်သန်းသွားချင်တာ...ဒီတော့အတတ်နိုင်ဆုံးအရိုးရှင်းဆုံးဖြစ်အောင်ပဲနေမယ်စိတ်ကူးတဲ့အတွက်..မနာလိုစိတ်တွေမရှိအောငိ..စိတ်ဓါတ်တွေရင့်ကျက်အောင်ကြိုးစားနေဆဲပါ....

8.18.2008

Nature of Guy...:D

လက်မထပ်မီ
သူ...... သိပ်ကောင်းတာပဲ။ ငါ့မျှော်လင့်တဲ့နေ့ ရောက်လာခဲ့ပြီ။
သူမ.... နင် နောင်တရမလား
သူ...... ဟာ.. တစ်ခါမှ အဲဒီလို မစဉ်းစားမိဘူး။
သူမ.... ငါ့ကို တကယ်ချစ်လား
သူ...... တကယ်ပေါ့။
သူမ.... ငါ့အပေါ် သစ္စာဖောက်မှာလား။
သူ...... အဲဒီလို တစ်ခါမှ မတွေးထားမိဘူး။
သူမ.... ငါ့ကို တစ်ခါလောက် နမ်းပါလား။
သူ...... အင်း.. တစ်ခါထက်ကို မကဘူး။
သူမ.... ယူပြီးရင် နင်ငါ့ကို ရိုက်မှာလား။
သူ...... လုံးဝ မဖြစ်နိုင်တာ
သူမ.... ငါ နင့်ကို ယုံရမလား...
လက်ထပ်ပြီးနောက်

စာကို အောက်မှ အထက်သို့ တစ်ခေါက်ပြန်ဖတ်ပါ။

8.11.2008

အခိုင်မြဲဆုံးသောလက်...



တစ်နေ့ ..ကောင်မလေးတစ်ယောက်နဲ့ သူမရဲ့ အဖေတံတားတစ်ခုကိုဖြတ်ကူးနေတုန်း...ကလေးပြုတ်ကျသွားမှာကိုစိုးရိမ်ထိတ်လန့်နေတဲ့ အဖေက သူ့သမီးလေးကို...
"သမီး..ရေထဲပြုတ်မကျသွားအောင်ဖေဖေ့ လက်ကို ကိုင်ထားလေ.."
ထိုအခါ သမီးလေးက..."ဟင့်အင်း..ဖေဖေ ပဲ သမီး လက်ကို ကိုင်ထားပေးပါနော်..."
အဖေဖြစ်သူကနားမလည်ဟန်နဲ့ .." ဘာများကွာလို့လည်း သမီး ရယ်.."လို့ မေးလိုက်သောအခါ..
သမီးလေးက.."အများကြီးကွာတာပေါ့ ဖေဖေရေ...သမီးသာ ဖေဖေ့ လက်ကိုကိုင်ထားပြီးတစ်ခုခု များဖြစ်ခဲ့ရင်
သမီးက ဖေဖေ့ လက်ကို လွှတ်ချင်လွှတ်ချလိုက်မိမှာ...ဒါပေမယ့် ဖေဖေကသာ သမီးလက်ကို ကိုင်ထားရင်တော့..
ဘာပဲဖြစ်ဖြစ်လွှတ် ချမှာမဟုတ်ဘူးဆိုတာ..သမီးအသေအချာသိလို့ပေါ့ဖေဖေရ.."လို့ ပြောလိုက်တယ်၊၊
ဆိုလိုရင်းကတော့...::ကိုယ်ကနေချစ်ခင်နှစ်သက်တဲ့သူတွေဆီကစလှမ်းလာမဲ့လက်တွေကို..မျှော်လင့်နေမယ့်အစား..
ကိုယ့်ဘက်ကစပြီးလက်ကမ်းကြိုဆိုလိုက်ပါ...

အရမ်းကြိုက်မိလို့ Forward Mail ကရတာလေးကိုဘာသာပြန်ပြီး Post အနေနဲ့ တင်လိုက်တာပါ...
နောက်လဲ POst အသစ်တွေ ဆက်တိုက် တင်နိုင်အောင်ကြိုးစားပါအုံးမယ်... :D

6.14.2008

အပိုင်းအစ(၂)

နင်ဟာ...ဘာ့အတွက်နဲ့ များငါ့ကိုရွေးချယ်ခဲ့တာလဲ?
နင်ဟာ...ဘာ့ကြောင့်များငါ့ကိုတစ်ချိန်လုံးညာနေခဲ့တာလဲ?
နင်ဟာ...ဘာ့ကြောင့်မို့  ငါ့ကို အမြဲငိုနေရအောင်လုပ်နေရတာလဲ?
နင်ဟာ...ဘယ်သူနဲ့ မှဖုန်းမပြောဘူးပြောတယ်..ပြီးတော့ငါကလွဲရင်အားလုံးနဲ့ ဖုန်းပြောတယ်..
နင်ဟာ...အမြဲငါမကြိုက်တာတွေကိုရွေးပြီးလုပ်တယ်.ပြီးတော့ငါ့ကိုအမြဲအပြစ်ရှာသေးတယ်..
နင်ဟာ...တစ်နေ့ မှာငါ့ထက်ပိုပြီးအဆင်ပြေတဲ့သူတွေ့ ခဲ့ရင်..ငါ့ကိုပြတ်သားစွာနဲ့ ထားရစ်ခဲ့မှာပဲ..
အဲ့ဒါကြောင့်
နင်ဟာ...အစထဲကဘာကြောင့်များငါ့ကိုရွေးချယ်ခဲ့တာလဲလို့ မေးခဲ့တာပေါ့...
..............
...........
ငါဟာ...နင့်ကိုအရူးအမူးဖြစ်ခဲ့တယ်..
ငါဟာ...နင့်ကိုအရာအားလုံးပေးဆပ်ပြီးချစ်ခဲ့တယ်..
ငါဟာ...နင်တစ်ယောက်တည်းကိုပဲချစ်ခဲ့တယ်..ဒါပေမဲ့နင်ကတော့..ငါကလွဲရင်အားလုံးကိုချစ်တယ်..
ငါဟာ...နငိနဲ့ ဝေးရမှာကိုသေရမှာထက်ကြောက်ခဲ့တယ်..နင်ကတော့ငါ့အနားမှာနေရမှာကိုကြောက်နေတယ်..
ငါဟာ...အေးအေးချမ်းချမ်းနေချင်တယ်..နင်ကတော့သိပ်ပြီးထင်ပေါ်ကျော်ကြားလူသိများချင်တယ်(အထူးသဖြင့်မိန်းကလေးတွေကြားထဲမှာပေါ့)
ငါဟာ...နင်နဲ့ အေးအတူပူအမျှဘ၀တစ်ခုတည်ဆောက်ချင်တယ်..နင်ကတော့အရာရာအပေါ်ပေါ့ပျက်ပျက်တွေးပြီးစိတ်ကူးယဉ်ဘ၀ထဲပျော်နေတယ်(ငါမဟုတ်တဲ့သူတွေနဲ့ ပေါ့)
ငါဟာ...နင့်ကြောင့်အမြဲငိုနေခဲ့ရတယ်..နင်ကတော့ငါငိုနေတာကိုကြည့်ပြီးရှုံချပြစ်တင်နေခဲ့တယ်....
ငါဟာ...နင့်ဆီကအကြင်နာလိုချင်တယ်..နင်ကတော့ငါကလွဲရင်အားလုံးကိုကြင်နာတယ်...ငါကိုတော့ဘာ့ကြောင့်များနာကြင်စေတာလဲ..ဒါတောင်မှအခုထိ..
ငါဟာ...နင့်ကိုချစ်မိလို့ နောင်တမရချင်သေးဘူး...နင်နဲ့ ဝေးရင်ငါအသက်ဆက်ရှင်နိုင်ပါ့မလား..
တစ်ကယ်တော့ဒီဇာတ်လမ်းကိုငါအရင်စခဲ့တာမဟုတ်ခဲ့ဘူး..
နင့်ကိုယုံမိတာငါ့ရဲ့ ပထမအမှား...

နင့်ကိုချစ်မိတာငါ့ရဲ့ ဒုတိယအမှား...
ဆက်ပြီးချစ်နေသေးတာ...ဆက်ပြီးမှား...
မှားပြီးရင်..မှား..မှား...မှား...
..............
.........
.......
ရင်ထဲမှာဟာနေတယ်...ဆုတောင်းတိုင်းပြည့်မယ်ဆိုရင်...
ငါဆုတစ်ခုတောင်းချင်တယ်...
ဘ၀ဆက်တိုင်းကိုယ်ကချစ်ရတဲ့သူမဖြစ်ရပါစေနဲ့ ...
သူချစ်ကိုသာငါလိုတယ်...
အဲ့ဒီအခါ..ငါ့ကိုသိပ်ချစ်တဲ့သူကိုငါ့အသက်ပေးပြီးပြန်ချစ်မယ်လို့ သစ္စာဆိုတယ်...
အခုတော့...
နာကျင်ကြေကွဲနေတဲ့နှလုံးသားတစ်စုံနဲ့ ..
ငါပြုံးနိုင်အောင်ကြိုးစားနေတယ်...........

4.27.2008

အပိုင်းအစလေးများ

"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။

အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။


လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?

စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?

လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ....
"တန်ဖိုးထား မြတ်နိုးပါ"

တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး" တဲ့.....