ဒီလောကမှာ “ကိုယ်” (myself) ဆိုတာ တစ်ဦးတည်းပဲရှိတယ်။ ကိုယ်နဲ့တူတဲ့လူ နောက်ထပ် လုံးဝမရှိနိုင်ဘူး။ “ကိုယ်” မှာ ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ မျက်လုံးတစ်စုံရှိတယ်။ ချစ်ခြင်း၊ သနားခြင်းတွေနဲ့ ခုန်လှုပ်နေတဲ့ နှလုံးသားတစ်စုံရှိတယ်။ “ကိုယ်”ဟာ ရိုသေလေးစား ခံထိုက်သူဖြစ်တယ်။ အချစ်ခံထိုက်သူဖြစ်တယ်။ ဒါတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းရဲ့ ရလဒ်တွေဖြစ်တယ်။ ယုံကြည်မှုက လူတွေရဲ့ အကဲ့ရဲ့၊ အနှိမ်ခံတာကို လျှစ်လျှူရှူထားပေးတယ်။
ကိုယ့်ဘေးကလူတွေ ကိုယ်ကို ချစ်ခြင်းတွေ ပေးစွမ်းမရှိတဲ့အခါ၊ ကိုယ့်ကို ပွေ့ဖက်ဖို့ အားအင်တွေ မရှိတဲ့အခါ သူတို့ကို ကိုယ်ချင်းစာ နားလည်ခွင့်လွတ်ပေးလိုက်ပါ။ သူတို့မှာ လူတွေကိုချစ်ဖို့၊ သူတို့ကိုယ်သူတို့ချစ်ဖို့ အချစ်တွေ ပါမလာခဲ့လို့ပါပဲ။
ရိုးသားမှု၊ ရိုသေလေးစားမှု၊ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ကပေးဆပ်နေလျှက်နဲ့ လူတွေရဲ့ လှောင်ပြောင်မှု၊ ကဲ့ရဲ့ဆဲဆိုမှု၊ အပြစ်ပုံချမှုတွေ သင် ခံနေရသေးတယ်ဆိုရင် သင်မကောင်းလို့ မဟုတ်ပါဘူး။ သင့်ရဲ့ပေးဆပ်မှုတွေကို အဲဒီလူတွေ လက်ခံနိုင်တဲ့ အဆင့်မရှိသေးလို့ပါ။
တကယ်လို့ သင့်ခန္ဓာသင့်ဝိညာဉ်တွေ ညှိုးနွမ်းခဲ့ရင် နားနှစ်ဖက်ကို ပိတ်ထားလိုက်ပါ။ တစ်ခြားလူရဲ့ ထိခိုက်နာကျင်စေမယ့် စကားတွေနဲ့ ကိုယ့်နှလုံးသားကို အပြည့် မဖြည့်လိုက်ပါနဲ့။ နေရာလပ်တစ်ခု ချန်ထားပြီး ယုံကြည်မှုတွေ ဖြည့်ပေးပါ။
ရင်ထဲက လာတဲ့ ချစ်ခြင်းမေတ္တာ အစစ်အမှန်က အဖိုးမဖြတ်နိုင်ပါဘူး။
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာအတွက် အကြောင်းတရား မလိုပါဘူး။
ယုံကြည်မှုကို လက်ကိုင်ထားရင် .... လူတိုင်းက အချစ်ခံထိုက်သူတွေဖြစ်တယ်။
နိုင်းနိုင်းစနေ
11.24.2008
ကျွန်မဖတ်ဖို့ ..
Posted by PINKLADY 0 comments
Labels: From Nine Nine Sanay
ကာရံမဲ့ကဗျာ.....
အသဲကွဲသံတွေ
မကြားတစ်ချက်
ကြားတစ်ချက်....
ရှိုက်ငိုသံတွေ
မကြားတစ်ချက်
ကြားတစ်ချက်....
သစ္စာမဲ့မှုတွေ
မြင်ရ တစ်ချက်
မမြင်ရ တစ်ချက်...
Posted by PINKLADY 0 comments
Labels: Personal
11.04.2008
တခါတလေ
တခါတလေ..
ငါပျော်ပါတယ် မင်းဆီကအကြင်နာငွေ့ ငွေ့ လေးတွေရတယ်လို့ 
ခံစားမိတိုင်းပေါ့..
တခါတလေ...
ငါငိုချင်တယ် မင်းဆီက ဂရုမစိုက်တော့တဲ့အပြုအမူတွေ
ငါကိုယ်တိုင် ခံစား သိရှိလာတဲ့အခါ တိုင်းပေါ့..
Posted by PINKLADY 0 comments
Labels: Photo Poem
8.27.2008
ကလေးအတွေး..
အကယ်ရ်ျများ
ဖြစ်နိုင်မည်ဆိုလျှင်
အမေ့ဗိုက်ထဲပြန်ဝင်ပြီးကွေးကွေးလေးသာအိပ်ချင်ပါတော့သည်...
ဘာဆိုဘာမှမသိတတ်သေးတဲ့
ကလေးလေးတစ်ယောက်အဖြစ်နဲ့ 
အမေ့ဘေးမှာတီတီတာတာစကားတွေပြောပြီး
အမေ့ရဲ့ ကြင်နာယုယမှုတွေနဲ့ 
နွေးထွေးနေတဲ့ဘ၀လေးကိုပြန်လိုချင်နေမိပါသည်...
Posted by PINKLADY 0 comments
Labels: Photo Poem
8.18.2008
Nature of Guy...:D
လက်မထပ်မီ
သူ...... သိပ်ကောင်းတာပဲ။ ငါ့မျှော်လင့်တဲ့နေ့ ရောက်လာခဲ့ပြီ။
သူမ.... နင် နောင်တရမလား
သူ...... ဟာ.. တစ်ခါမှ အဲဒီလို မစဉ်းစားမိဘူး။
သူမ.... ငါ့ကို တကယ်ချစ်လား
သူ...... တကယ်ပေါ့။
သူမ.... ငါ့အပေါ် သစ္စာဖောက်မှာလား။
သူ...... အဲဒီလို တစ်ခါမှ မတွေးထားမိဘူး။
သူမ.... ငါ့ကို တစ်ခါလောက် နမ်းပါလား။
သူ...... အင်း.. တစ်ခါထက်ကို မကဘူး။
သူမ.... ယူပြီးရင် နင်ငါ့ကို ရိုက်မှာလား။
သူ...... လုံးဝ မဖြစ်နိုင်တာ
သူမ.... ငါ နင့်ကို ယုံရမလား...
လက်ထပ်ပြီးနောက်
စာကို အောက်မှ အထက်သို့ တစ်ခေါက်ပြန်ဖတ်ပါ။
Posted by PINKLADY 0 comments
Labels: Short Note
8.11.2008
အရိပ်...
လာပါ ၀င်ပါ နားခိုလှည့်ပါ.
လက်လှမ်းပါ ရှိုက်ငိုပါ ဝေဒနာတွေမျှတလှည့်ပါ...
ရင်ဖွင့်ပါ ကြေကွဲပါ ငါ့ထံမှ အနွေးဓါတ်ရယူလှည့်ပါ.
ပျော်ပါ ပြန်ပါ ငါ့ကိုကျိန်စာတိုက်ခဲ့ပါ။
i got this poem from my bro's gtalk status..
thanks 4 sharing me my bro..:) i really like it...
Posted by PINKLADY 0 comments
Labels: Poem