တစ်နေ့ ..ကောင်မလေးတစ်ယောက်နဲ့ သူမရဲ့ အဖေတံတားတစ်ခုကိုဖြတ်ကူးနေတုန်း...ကလေးပြုတ်ကျသွားမှာကိုစိုးရိမ်ထိတ်လန့်နေတဲ့ အဖေက သူ့သမီးလေးကို...
"သမီး..ရေထဲပြုတ်မကျသွားအောင်ဖေဖေ့ လက်ကို ကိုင်ထားလေ.."
ထိုအခါ သမီးလေးက..."ဟင့်အင်း..ဖေဖေ ပဲ သမီး လက်ကို ကိုင်ထားပေးပါနော်..."
အဖေဖြစ်သူကနားမလည်ဟန်နဲ့ .." ဘာများကွာလို့လည်း သမီး ရယ်.."လို့ မေးလိုက်သောအခါ..
သမီးလေးက.."အများကြီးကွာတာပေါ့ ဖေဖေရေ...သမီးသာ ဖေဖေ့ လက်ကိုကိုင်ထားပြီးတစ်ခုခု များဖြစ်ခဲ့ရင်
သမီးက ဖေဖေ့ လက်ကို လွှတ်ချင်လွှတ်ချလိုက်မိမှာ...ဒါပေမယ့် ဖေဖေကသာ သမီးလက်ကို ကိုင်ထားရင်တော့..
ဘာပဲဖြစ်ဖြစ်လွှတ် ချမှာမဟုတ်ဘူးဆိုတာ..သမီးအသေအချာသိလို့ပေါ့ဖေဖေရ.."လို့ ပြောလိုက်တယ်၊၊
ဆိုလိုရင်းကတော့...::ကိုယ်ကနေချစ်ခင်နှစ်သက်တဲ့သူတွေဆီကစလှမ်းလာမဲ့လက်တွေကို..မျှော်လင့်နေမယ့်အစား..
ကိုယ့်ဘက်ကစပြီးလက်ကမ်းကြိုဆိုလိုက်ပါ...
အရမ်းကြိုက်မိလို့ Forward Mail ကရတာလေးကိုဘာသာပြန်ပြီး Post အနေနဲ့ တင်လိုက်တာပါ...
နောက်လဲ POst အသစ်တွေ ဆက်တိုက် တင်နိုင်အောင်ကြိုးစားပါအုံးမယ်... :D
8.11.2008
အခိုင်မြဲဆုံးသောလက်...
Posted by PINKLADY 0 comments
Labels: Short Note
6.14.2008
ပေါ့ပေါ့ပါးပါးပြုံး(၂)
ဒီ Post လေးကတော့သူငယ်ချင်းတစ်ယောက်ဆီကရတဲ့ email ကိုနဲနဲလေး Edit လုပ်ပြီး Post အနေနဲ့ တင်ထားတာပါ...
အိုဘယ့် မိန်းမ
ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊ ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊ နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က
မရှိ၊ ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊ မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊ ချွေတာစုဆောင်း တတ်တာကျတော့
ခေတ်ရေစီးကို လိုက်မမှီ၊ ခေတ်မှီတာကျတော့ စိတ်မချရ၊ စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။
အိုဘယ့် ယောက်ျား
အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊ ရုပ်ချောရင် ငွေမရှာတတ်ဘူး၊ ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊
အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊ အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့
အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊ အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊
အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေတစ်ယောက်လိုနေမယ်။
ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး ဖြစ်လာနိုင်တယ်။ ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင်
တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။ ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ် တဲ့၊ ဘာပြောရမလဲ မသိတော့ဘူးရယ်။
--
မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက် ပိုရှာနုငိတဲ့လူကိုခေါ်တာ။
အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူကို ခေါ်တာတဲ့။
( လူရှိန်အောင် အောက်မှာ Eng လိုလေးပါ ထပ်ထည့်ပေးလိုက်တယ်)
ROMANCE MATHEMATICS
Smart Man + Smart Woman = Romance
Smart Man + Dumb Woman = Affair
Dumb Man + Smart Woman = Marriage
Dumb Man + Dumb Woman = Pregnancy
GENERAL EQUATIONS & STATISTICS
A woman worries about the future until she gets a husband.
A man never worries about the future until he gets a wife.
A successful man is one who makes more money than his wife can spend.
A successful woman is one who can find such a man.
ကွာခြားချက်...
ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။ ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊ လူကုံထံတွေ
ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။ ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုထံတွေ ဧည့်ခန်းထဲမှာ
စက်ဘီးစီးတယ်။ ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။ ဆင်းရဲတုန်း မယားက secretary
တာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။ ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊
ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။
ဒီခေတ်ကြီးမှာ...ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊ ပါတီခေါင်းဆောင်တွေကျတော့
အလကားရတာမှန်သမျှစားတယ်။ ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။ ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့
ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။
{ ဖတ်ဖူးသမျှ စာတွေ မေးလ်တွေထဲကနေ…ရှေ့ နောက်ပြန်လွှဲ ..ဟိုရွှေ့ ဒီရွှေ့  စီချင်သလိုစီကာ…ကောက်နုတ်ပြီး ပြန်ဖော်ပြတယ်…}
( ဘာရယ်ဟုတ်ဘူး…အပျင်းပြေလေးပါ..)
Posted by PINKLADY 0 comments
Labels: Joke
အပိုင်းအစ(၂)
နင်ဟာ...ဘာ့အတွက်နဲ့ များငါ့ကိုရွေးချယ်ခဲ့တာလဲ?
နင်ဟာ...ဘာ့ကြောင့်များငါ့ကိုတစ်ချိန်လုံးညာနေခဲ့တာလဲ?
နင်ဟာ...ဘာ့ကြောင့်မို့  ငါ့ကို အမြဲငိုနေရအောင်လုပ်နေရတာလဲ?
နင်ဟာ...ဘယ်သူနဲ့ မှဖုန်းမပြောဘူးပြောတယ်..ပြီးတော့ငါကလွဲရင်အားလုံးနဲ့ ဖုန်းပြောတယ်..
နင်ဟာ...အမြဲငါမကြိုက်တာတွေကိုရွေးပြီးလုပ်တယ်.ပြီးတော့ငါ့ကိုအမြဲအပြစ်ရှာသေးတယ်..
နင်ဟာ...တစ်နေ့ မှာငါ့ထက်ပိုပြီးအဆင်ပြေတဲ့သူတွေ့ ခဲ့ရင်..ငါ့ကိုပြတ်သားစွာနဲ့ ထားရစ်ခဲ့မှာပဲ..
အဲ့ဒါကြောင့်
နင်ဟာ...အစထဲကဘာကြောင့်များငါ့ကိုရွေးချယ်ခဲ့တာလဲလို့ မေးခဲ့တာပေါ့...
..............
...........
ငါဟာ...နင့်ကိုအရူးအမူးဖြစ်ခဲ့တယ်..
ငါဟာ...နင့်ကိုအရာအားလုံးပေးဆပ်ပြီးချစ်ခဲ့တယ်..
ငါဟာ...နင်တစ်ယောက်တည်းကိုပဲချစ်ခဲ့တယ်..ဒါပေမဲ့နင်ကတော့..ငါကလွဲရင်အားလုံးကိုချစ်တယ်..
ငါဟာ...နငိနဲ့ ဝေးရမှာကိုသေရမှာထက်ကြောက်ခဲ့တယ်..နင်ကတော့ငါ့အနားမှာနေရမှာကိုကြောက်နေတယ်..
ငါဟာ...အေးအေးချမ်းချမ်းနေချင်တယ်..နင်ကတော့သိပ်ပြီးထင်ပေါ်ကျော်ကြားလူသိများချင်တယ်(အထူးသဖြင့်မိန်းကလေးတွေကြားထဲမှာပေါ့)
ငါဟာ...နင်နဲ့ အေးအတူပူအမျှဘ၀တစ်ခုတည်ဆောက်ချင်တယ်..နင်ကတော့အရာရာအပေါ်ပေါ့ပျက်ပျက်တွေးပြီးစိတ်ကူးယဉ်ဘ၀ထဲပျော်နေတယ်(ငါမဟုတ်တဲ့သူတွေနဲ့ ပေါ့)
ငါဟာ...နင့်ကြောင့်အမြဲငိုနေခဲ့ရတယ်..နင်ကတော့ငါငိုနေတာကိုကြည့်ပြီးရှုံချပြစ်တင်နေခဲ့တယ်....
ငါဟာ...နင့်ဆီကအကြင်နာလိုချင်တယ်..နင်ကတော့ငါကလွဲရင်အားလုံးကိုကြင်နာတယ်...ငါကိုတော့ဘာ့ကြောင့်များနာကြင်စေတာလဲ..ဒါတောင်မှအခုထိ..
ငါဟာ...နင့်ကိုချစ်မိလို့ နောင်တမရချင်သေးဘူး...နင်နဲ့ ဝေးရင်ငါအသက်ဆက်ရှင်နိုင်ပါ့မလား..
တစ်ကယ်တော့ဒီဇာတ်လမ်းကိုငါအရင်စခဲ့တာမဟုတ်ခဲ့ဘူး..
နင့်ကိုယုံမိတာငါ့ရဲ့ ပထမအမှား...
နင့်ကိုချစ်မိတာငါ့ရဲ့ ဒုတိယအမှား...
ဆက်ပြီးချစ်နေသေးတာ...ဆက်ပြီးမှား...
မှားပြီးရင်..မှား..မှား...မှား...
..............
.........
.......
ရင်ထဲမှာဟာနေတယ်...ဆုတောင်းတိုင်းပြည့်မယ်ဆိုရင်...
ငါဆုတစ်ခုတောင်းချင်တယ်...
ဘ၀ဆက်တိုင်းကိုယ်ကချစ်ရတဲ့သူမဖြစ်ရပါစေနဲ့ ...
သူချစ်ကိုသာငါလိုတယ်...
အဲ့ဒီအခါ..ငါ့ကိုသိပ်ချစ်တဲ့သူကိုငါ့အသက်ပေးပြီးပြန်ချစ်မယ်လို့ သစ္စာဆိုတယ်...
အခုတော့...
နာကျင်ကြေကွဲနေတဲ့နှလုံးသားတစ်စုံနဲ့ ..
ငါပြုံးနိုင်အောင်ကြိုးစားနေတယ်...........
Posted by PINKLADY 0 comments
Labels: Short Note
6.13.2008
ချစ်မိလို့ အပြစ်ရှိတာလား..အပြစ်ရှိလို့ ချစ်မိတာလား
ဒီ...ဒီ...ဒီ...ဒီ
အမှတ်မထင်အိမ်တံခါးဝကလူခေါ် Bell အသံကြောင့်ကမန်းကတန်းအိမ်ပေါက်ဝကိုပြေးထွက်သွားလိုက်မိတယ်..
"You Got a Registered mail,miss"
"Ok then do i need to sign?"Here ,you need to sign ,miss"
"Ok,thanks"
"Have a nice day,miss"
"you too"
sign ထိုးပြီးယူလိုက်ရတာစာအိတ်တစ်အိတ်ပါ..postcard တစ်ခုလား..Invitation Letter တစ်ခုလား..ကျွန်မတွေဝေနေတုန်း..
စာအိတ်နောက်ကျောကပေးပို့ သူနေရာကိုကြည့်လိုက်တော့..."ဖြိုးမြင့်မိုရ်"...
ကျွန်မအလွန်တရာမှလဲအံ့သြသွားတယ်..စာကိုကမန်းကတန်းဖွင့်ဖောက်လိုက်တော့..အထဲမှာစာတစ်စောင်မဟုတ်ပါ...ဖိတ်စာတစ်စောင်..
မင်္ဂလာဆောင်ဖိတ်စာတစ်ခု..."မောင်ဖြိုးမြင့်မိုရ် နှင့် မ သရ၀ဏ် တို့ ဧ။် မင်္ဂလာဧည့်ခံပွဲဖိတ်ကြားလွှာ.."
ဖိတ်စာပေါ်မှာတပ်ထားတဲ့နာမည်..ကျွန်မနာမည်......နွေဦးမေ....ကို့ ရဲ့ လက်ရေးဝိုင်းဝိုင်းလေးတွေ...ရုတ်တရက်..ကျွန်မမိုက်ကနဲဖြစ်သွားတယ်...ဖိတ်စာတစ်စောင်နဲ့ ဧည့်ခန်းထဲမှာငိုင်နေတဲ့ကျွန်မကို.."နွေဘာတွေဖြစ်နေတာလဲ?"
နောက်လှည့်ကြည့်လိုက်တော့ကျွန်မ Cousin ဆုဝေ.."နင်ငိုလည်းငိုထားတယ်"
"ဘာတွေဖြစ်နေတာလဲ""ငါ့ကိုပြောပြစမ်းပါနွေ"
သူမမေးခွန်းတွေကိုပြန်ဖြေဖို့ ကျွန်မမှာခွန်အားတွေမရှိတော့ပါ...ကျွန်မငိုချင်တာပဲသိတော့တယ်..ကျွန်မတကယ်ပဲကို့ ကိုဆုံးရှုံးရတော့မှာပေါ့..ကျွန်မအိမ်မက်မက်နေတာလား?ကိုနဲ့ ဝေးသွားကတည်းကကို့ ဆီကကျွန်မစောင့်မျှော်နေခဲ့တာကို့ ကိုလက်လွှတ်ဆုံးရှုံးဖို့ ဆိုတဲ့အရာတစ်ခုများဖြစ်သွားလား?
"နွေ..ငါတောင်းပန်ပါတယ်..ငါ့ကိုခွင့်လွှတ်ပေးပါ..မင်းရင်ထဲကနေငါ့ကိုထုတ်ပစ်လိုက်စမ်းပါ"
"ငါဟာမင်းအချစ်နဲ့ မတန်တဲ့ကောင်ပါ..မင်းငါ့ကိုမုန်းပစ်လိုက်စမ်းပါ"
"မမုန်းဘူးကို..နွေကိုကို့ ချစ်ခဲ့တာမုန်းပြစ်ခဲ့ဖို့ မှမဟုတ်တာ"
"နွေကို့ ကိုပြန်လက်ခံခဲ့တယ်ဆိုတာလည်းနွေ့ စိတ်ထဲမှာကိုရှိနေသေးလို့ ...ပြီးတော့ နွေကို့ ကိုအရမ်းချစ်လို့ ပဲကို"
"သွားစမ်းပါကွာ..အခုမှ..ချစ်တာတွေ..မေတ္တာတွေပြောမနေနဲ့ တော့..အဓိကကငါမင်းကိုစိတ်ကုန်သွားတာပဲ"
"ငါတောင်းဆိုတယ်..ကျေးဇူးပြုပြီးငါ့ ကိုမေ့ပြစ်လိုက်ပါတော့"
အဲ့ဒါနွေသိပ်ချစ်ခဲ့ရတဲ့ ဖြိုးမြင့်မိုရ် ရဲ့ နွေကိုပြောခဲ့တဲ့နောက်ဆုံးစကားတွေပါပဲ..ကိုကျွန်မကိုအဲ့ဒီစကားတွေပြောပြီးတဲ့နောက်ပိုင်းphoneလည်းမဆက်တော့ဘူး..ပို့ နေကျ sms တွေလည်းရောက်မလာတော့ဘူး..ကျွန်မ phone ဆက်ရင်လည်း Voice MailBox ထဲပဲရောက်ရောက်သွားတယ်..phone သံတွေ message သံတွေ စောင့်မျှော်ရင်းမိုးလင်းခဲ့ရတဲ့ညတွေဟာရေတွက်လို့ မရလောက်အောင်ပါဘဲ..ကျွန်မခံစားခဲ့ရတဲ့ညတွေအတွက်နောက်ဆုံးကျွန်မရလိုက်တဲ့ရလာဒ်တစ်ခုကဖိတ်စာတစ်စောင်တဲ့လား ကို....
မှတ်ချက်။ ။ကျွန်မစာရေးကြည့်တာပါ...ရင်ထဲကခံစားချက်အစစ်တွေရော...စိတ်ကူးယဉ်ထားတာတွေပါပေါင်းပြီးကြိုးစားကြည့်ထားတာပါ...ဝေဖန်အကြံပြုနိုင်ပါတယ်....
Posted by PINKLADY 0 comments
Labels: Short Novel
5.18.2008
I want you back....
the one who teaches me..........how to blog..
the one who understand me.......neglecting his hurt time..
the one who always by my side...even i am at other side..
the one who loves me a lot......faking his feelings and show me some ways for me...
i want you back.................i am now understand much about how you feels for me &
how much u feel so hurt for me..Pls Come back to me...
Come Back to me....
Posted by PINKLADY 0 comments
Labels: Personal