5.02.2008
ပုဒ်မ..၃၂၀
လိုချင်လွန်းလို့ တော့ မဟုတ်ပါဘူး..
ပေးနိုင်မလားလို့ တောင့်တခဲ့တယ်..
ပိုင်ဆိုင်ဖို့ အထိရည်ရွယ်မထားခဲ့ပေမဲ့လဲ..
ခဏတဖြုတ်တော့သိမ်းထားချင်မိတယ်..
မလိုအပ်တော့ရင်လဲအပြစ်မဆိုချင်တော့ပါဘူး..
ဖြစ်တည်ပေးနိုင်ခဲ့တဲ့အချိန်လေးတွေအတွက်တော့
Thank You ပဲ...
မချစ်နိုင်တော့ဘူးဆိုရင်လဲ..
ပွင့်ပွင့်လင်းလင်းပေါ့...
ဟန်ဆောင်ပြီးနေမနေပါနဲ့ တော့...
တမြည့်မြည့်နဲ့ ငါ့မှာပူလောင်နေရတယ်....
P.S
ပုဒ်မ ၃၂၀ = ပြင်းထန်စွာနာကျင်စေမှု..
Posted by PINKLADY 0 comments
Labels: Poem
4.27.2008
အပိုင်းအစ(၁)
အခုဒီလမ်းလေးမှာပဲကျွန်မကိုသူစွန့် ခွာသွားခဲ့ ပါပြီ...
ကျွန်မရဲ့ အနာဂတ်သည်လည်းသူနဲ့ အတူအဝေးကိုထွက်ခွာသွားပါပြီ...
အတူစလိုက်..ရန်ဖြစ်လိုက်..ပြန်ချော့ လိုက်နဲ့ တစ်သက်လုံးသူ့ အနားမှာပဲနေမယ်ဆိုတဲ့...
ကျွန်မရဲ့ အနာဂတ်စိတ်ကူးလေးတွေလဲပျောက်ကွယ်သွားပါပြီ...
အခုကျွန်မဘ၀ရဲ့ ကျန်ရှိနေသေးတဲ့အချိန်တွေကိုဘယ်လိုဖြတ်သန်းရမလဲ...
ဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်နေတဲ့ဘ၀မှာအသက်၂၃နှစ်ရှိနေပြီဖြစ်တဲ့ ကျွန်မဟာ..
ဘ၀မှာဘာမှရေရာမှုတွေမရှိတော့တဲ့သူတစ်ယောက်တဖြစ်လဲကျွန်မဟာ..
ရှေ့ဆက်ရမဲ့ဘ၀လမ်းကြောင်းတစ်လျှောက်မှာ..
ဘာတွေဘယ်လိုကြူံတွေ့ ရမလဲကြိုတင်မသိနိုင်တဲ့အရာတွေအတွက်...
ပူပန်နေရတာတွေဟာစိတ်အပင်ပန်းဆုံးပဲဆိုတာသိလိုက်ရတဲ့အခါ..
အရာရာဟာသူများရဲ့ ခြေလှမ်းတစ်လှမ်းနောက်ကျနေပါပြီ...
မနက်ဖြန်ဆိုတာရှိနေသရွေ့ ကျွန်မအတွက်မျှော်လင့်ခြင်းတွေ..
ပျောက်မသွားနိုင်လောက်သေးပါဘူး....
ဒီတော့ကျွန်မအတွက်ခွန်အားသစ်တွေမွေးဖွားပေးမဲ့..
မနက်ဖြန်တွေအတွက်.....
AZA AZA FIGHTING...!!!!!!!
Posted by PINKLADY 0 comments
Labels: Personal
အပိုင်းအစလေးများ
"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။
အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။
လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?
စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?
လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ....
"တန်ဖိုးထား မြတ်နိုးပါ"
တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး" တဲ့.....
Posted by PINKLADY 0 comments
Labels: Short Note